Monday, April 29, 2013
FB ထဲက ဟတ်ထိစေမယ့် ရွှေရောင်စကားလုံးများ
FB ထဲက ဟတ်ထိစေမယ့် ရွှေရောင်စကားလုံးများ
ရိုးရိုးသားသားနဲ့ အမှန်အတိုင်း ပြောရရင် ကျနော့်ကို မုန်းတဲ့သူတွေကို ပြန်မုန်းဖို့ အချိန်မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော့်ကို ချစ်တဲ့သူတွေကို ပြန်ချစ်နေရတာနဲ့ ကျနော် အလုပ်တွေရှုပ်နေလို့ပါပဲ။
ကျနော့်သူငယ်ချင်းတွေ ဘာလို့ ကျနော့်ကို ထားရစ်ခဲ့၊ ပစ်ထားခဲ့ကြသလဲဆိုတာကို ကျနော် သေသေချာချာ မသိဘူးဗျာ။ သေချာတာတစ်ခုကတော့ ကျနော်က လူတိုင်းကို အမှန်တွေချည်း လျှောက်ပြောနေတတ်လို့ ထင်ပါရဲ့။
ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ပုဂ္ဂိုလ်တွေမှာလည်း အတိုင်းအတာရှိကြတယ်။
လူတော်တော်များများဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ပဲ စဉ်းစားနေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ပြောင်း လဲဖို့တော့ မေ့နေတတ်ကြလေရဲ့။
ကျနော် အခါပေါင်း ၁၀၀၀ ကျဆုံးတယ်လို့ မပြောချင်ဘူး။ အကြိမ်ပေါင်း ၁၀၀၀ ကျဆုံးစေတဲ့နည်း လမ်းတွေကို ကျနော် ရှာဖွေတွေ့ရှိထားတယ်လို့ ပြောချင်ပါတယ်။
သောမတ်စ် အက်ဒီဆင်
ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့တာ သင့်ရဲ့အပြစ်မဟုတ်ပေမယ့် ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့ သင့်ရဲ့ အပြစ်ပဲ။
သောမတ်စ် အက်ဒီဆင်
ပျော်ရွှင်မှုအတွက် နည်း ၅-ချက်
၁။ သင့်ရဲ့နှလုံးသားထဲမှာ အမုန်းတရားတွေကို လျှော့ချလိုက်ပါ။
၂။ သင့်ရဲ့နှလုံးအိမ်ထဲမှာ ပူလောင်မှုတွေကို သိုလှောင်မထားပါနဲ့။
၃။ ရိုးရိုးလေးနေပါ။
၎။ ပိုပေးလိုက်ပါ။
၅။ သူတစ်ပါးဆီက ဘာကိုမှ မမျှော်လင့်ပါနဲ့။
မထူးတထူး မှတ်ချက်။ ။အခုတလော ပျားလေးတစ်ကောင်လို ဖြစ်နေတာနဲ့ ဘယ်ဆီဘယ်ဝယ်ကိုမှ လိပ်ပြာလေးတစ်ကောင်လို မပျံသန်းနိုင်ခဲ့ဘူး။ ဘုန်းဘုန်းဆီ အလည်ရောက်လာကြတဲ့ လိပ်ပြာလေးတွေ ကိုတော့ နက်နက်နဲနဲ ကျေးဇူးတင်မိပါတယ်။ တကယ် တင်တာနော်။ ယုံလားတော့ မသိဘူး။ ဘုန်းဘုန်းတောက် တင်ထားတဲ့ ရွှေရောင်စကားလုံးများကို အားလုံးက (သို့မဟုတ်) အားလုံးနီးပါးက ဖတ်ဖူးပြီးသား၊ ကြားဖူးပြီးသား ဖြစ်မှာပါလို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောရ တာလဲဆိုတော့ ဟဲ အင့် ရှေ့ဆက် ဘာပြောရမှန်း မသိတော့ဘူး။ တဂျင်းမီးပြောသလို ဒါဘဲ။
ဘာမှမလုပ်တတ်သေဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment