Monday, May 13, 2013

မောင် (စွယ်စုံကျမ်း): မှားပြီးဖျက်ခဲ့တာတွေကိုပြန်ယူဖို့ Data Recovery Po...

မောင် (စွယ်စုံကျမ်း): မှားပြီးဖျက်ခဲ့တာတွေကိုပြန်ယူဖို့ Data Recovery Po...: ဒီဆော့ဝဲလေးကတော်တော်အသုံးဝင်ပါတယ်ကွန်ပျူတာထဲမှာပဲဖြစ်ဖြစ်Memory ကဒ်ပဲဖြစ်ဖြစ်ပြန်ရှာလို့ ရပါတယ်ပြန်ရှာဖို့  Scan ဖတ်လိုက်ရင်သူ့ အမျိုးစားန...

မောင် (စွယ်စုံကျမ်း): ပျောက်သွားတာ၊ မှားဖျက်တာတွေ ပြန်ရှာဖို့ အတွက် Data...

မောင် (စွယ်စုံကျမ်း): ပျောက်သွားတာ၊ မှားဖျက်တာတွေ ပြန်ရှာဖို့ အတွက် Data...: ဒီဆော့ဝဲလေးက  ပျောက်သွားတာတွေ ပြန်ရှာဖို့ အတွက်ပါ ။  အကြောင်းအမျိုးမျိုး ကြောင့်  မှားဖျက်မိတာတွေ  Format ချမိတာတွေ   ပြန်လည် Recoverြ...

မောင် (စွယ်စုံကျမ်း): ကွန်ပျုတာ ၊ ဖုန်း ၊ ကင်မရာ ၊ မန်မိုရီကတ်ထဲက မှားဖျ...

မောင် (စွယ်စုံကျမ်း): ကွန်ပျုတာ ၊ ဖုန်း ၊ ကင်မရာ ၊ မန်မိုရီကတ်ထဲက မှားဖျ...: အကြောင်းအမျိုးမျိုးကြောင့် ပျက်သွား ပျောက်သွားတဲ့ ဆော့ဝဲ၊  ပုံတွေ သီချင်းတွေ ကို ဒီဆော့ဝဲလေးနဲ့  အမြန်ပြန်ရှာလို့ ရပါတယ် ဖုန်းကနေ မှားဖ...

Saturday, May 11, 2013

ကမ္ဘာပေါ်မှာတတိယမြောက်အကြီးမားဆုံးဖြစ်လာမယ့် နေရောင်ခြည်စွမ်းအင်သုံး

မေ ၁၁ ရက် ၂၀၁၃ စက်ရုံတစ်ရုံကို မကွေးတိုင်း မင်းဘူးမြို့မှာ တစ်နှစ်ခွဲအတွင်း အပြီးသတ်တည်ဆောက်ဖို့ မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံအခြေစိုက် GEP- Green Earth Power ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ဒေါ်လာ ၂၇၅ သန်း ရင်းနှီးမြှုပ်နှံတည်ဆောက်မယ့် အဲဒီနေရောင်ခြည်စွမ်းအင်သုံးစက်ရုံဟာ လျှပ်စစ်မီဂါဝပ် ၂၁၀ ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ စက်ရုံတည်ဆောက်ရေးအတွက် ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းကို ချေးငွေနဲ့လည်ပတ်မှာဖြစ်ကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းကိုတော့ နှစ်ဘက်အညီအမျှ ခွဲဝေကျခံရမှာဖြစ်ကြောင်း သိရပါတယ်။ စက်ရုံက ထွက်လာတဲ့ စွမ်းအင်ရောင်းချရေး သဘောတူညီချက်ကို လာမယ့် ရက် ၉၀ အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ GEP ဥက္ကဌ Paul Bernard Yang က ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပို့စ် သတင်းစာကို ပြောကြားပါတယ်။ ဒီအတောအတွင်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်း ၄ဝဝဝ ဖိုးနီးပါး ရောင်းချခဲ့ရတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တုန်းကတော့ ဒေါ်လာ သန်း ၃၅ဝဝ ဖိုး ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။

လေးမြို့ သတင်းမီဒီယာ: ရခိုင်ဒေသခံ ၁၀ ဦးကို ထောင်ဒဏ်တွေ ချမှတ်

လေးမြို့ သတင်းမီဒီယာ: ရခိုင်ဒေသခံ ၁၀ ဦးကို ထောင်ဒဏ်တွေ ချမှတ်: မေလ ၁၁ ရက် ၂၀၁၃ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာပါဝင်တဲ့ ဒေသခံ ၁၀ ဦးကို စစ်တွေမြို့နယ်တရာ...

ရခိုင်ပြည်နယ် နယ်စပ်တွင် ရခိုင်တပ်မတော်

ရခိုင်ပြည်နယ် နယ်စပ်တွင် ရခိုင်တပ်မတော် ကို ချထားပေးရန် နိုင်ငံတော် သမ္မတကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာ အေးမောင်က တောင်းဆိုလို က်ကြောင်း မေလ ၈ ရက်နေ့ထုတ် The Myanmar Post တွင် ဖော်ပြသည်။ “ဒီသတင်း ကို ကြားရကတည်းက ကြိုဆိုပါတယ်၊ ရခိုင်ပြ ည်နယ်ရဲ့ အနောက်တံခါးကို ရခိုင်တွေ လက်န က်ကိုင်ပြီးတော့ စောင့်ရှောက်တာလောက်ေ ကာင်းတာ ဘယ်မှာ ရှိမလဲ”ဟု နိုင်ငံရေးကို စိ တ်ပါဝင်စားသူ စစ်တွေမြို့မှ တက်ကြွလူငယ်တ စ်ဦးမှ ပြောပြသွားပါသည်။ ဒါကို ထောက်ခံအ ဆိုပြုဖို့အတွက်ပါ လက်မှတ်များ ရေးထိုးပြီ သ မ္မတဆီကိုလည်း တင်ပြပေးသွားမည်ဟု ဆက် လက် ပြောပြသွားပါသည်။ မေလ ၅ ရက်နေ့ က နိင်ငံရေး ပါတီများနှင့် နိုင်ငံတော် သမ္မတေ နပြည်တော် တွင် တွေ့ဆုံသည့် အခမ်းအနားတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ လက်ခံလျှင် မှတ်ချက်များ ပေးပြီ အမြင်များကို တင်ပြပေးစေချင်ပါသည်။ ကိုးကား

မန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်လီမိတက် အများပိုင်ဘဏ်စစ်စစ်ပြုလုပ်လို၍အမည်သစ်ပြောင်း

ရန်ကုန် -မေ ၁၂ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေးဘဏ်လီမိတက်အား ယခင်က Semi Government အဖြစ်ရပ်တည်နေရာမှ ယခုအခါ အများပိုင်ဘဏ်စစ်စစ်အဖြစ်ပြောင်းလဲလိုခြင်းကြောင့် အမည်သစ်သစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေးဘဏ်လီမိတက်အားမြန်မာ့ရတနာဘဏ်လီမိတက်အဖြစ် အမည်သစ်ပြောင်းလဲသည့်အခမ်းအနားကိုယနေ့ မနက် ၁၀ နာရီတွင် ယုဇနဟိုတယ်၌ ကျင်းပခဲ့သည်။ ယခင်က Semi Government အဖြစ်ရပ်တည်နေရာမှ ယခုအခါ အများပိုင်ဘဏ်စစ်စစ်အဖြစ်ပြောင်းလဲလိုခြင်းကြောင့် အမည်သစ်သစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ အမည်သစ်ပြောင်းလဲလိုက်သောမြန်မာ့ရတနာဘဏ်လီမိတတ်သည် ၁၉၉၆ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဘဏ်စတင်လုပ်ကိုင်စဉ် အစိုးရထံမှ ချေးငွေအဖြစ်ရယူခဲ့သော ကျပ်သန်း(၁၀၀၀) ကို ၂၁၁၄ ခုနှစ် ဧပြီတွင် အတိုးငွေနှင့် တကွပြန်လည်ပေးဆပ်ပြီးဖြစ်သောကြောင့် အစိုးရနှင့်မသက်ဆိုင်သော အများပိုင်ဘဏ်တစ်ခုအဖြစ်ရပ်တည်နေပြီဖြစ်ကြောင်းသိရသည်။ မြန်မာ့ရတနာဘဏ်လီမိတတ်သည် လက်ရှိတွင် နေပြည်တော်၊ရန်ကုန်၊မန္တလေး၊မကွေး၊ပဲခူး၊စစ်ကိုင်း၊ ဧရာဝတီ၊တနသာင်္ရီ တိုင်းဒေသကြီးများ၊မွန်၊ကရင်၊ရှမ်း၊ရခိုင် ပြည်နယ်များတွင်ဘဏ်ခွဲပေါင်း(၆၀) ဖွင့်လှစ်လုပ်ကိုင်နေပြီး ယခုဘဏ္ဍာနှစ်တွင်ဘဏ်ခွဲ (၉)ခုထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူတိုင်းကသာ မိမိတာဝန်ကို အပြည့်အ၀ နားလည်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတိုင်းကသာ မိမိတာဝန်ကို အပြည့်အ၀ နားလည်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက နိုင်ငံတစ်နိုင်ငံသည် အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မေ ၁၁ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့သည့် NLD ပညာရေးကွန်ရက်၏ ပညာဒါန ကျောင်းဆရာ၊ ဆရာမများ ဂုဏ်ပြုပွဲနှင့် တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲတွင် အဖွင့်မိန့်ခွန်းပြောရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ "ပြည်သူတစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ကိုယ့်ရဲ့တာဝန်ကို သိမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ စနစ်ဟာ ဆိုးသွမ်းသွားစရာ ဘာမှမရှိဘူး။ ပြည်သူအားလုံး မဟုတ်ရင်တောင် တကယ့်အများစုကြီးကနေပြီး ကိုယ့်တာဝန်ကို ကိုယ်သိမယ်ဆိုရင် ဘယ်လိုလုပ် အာဏာရှင်စနစ်အောက် ရောက်သွားနိုင်မလဲ။ အာဏာရှင် လုပ်ချင်တဲ့ သူတွေကိုက နည်းသွားမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယင်းကဲ့သို့ ပြည်သူများကသာ မိမိတာဝန်ကို သိနေသည်ဆိုပါက အာဏာရှင် လုပ်ချင်သည့် သူများကလည်း ပြည်သူများ၏ စိတ်ကို သိသွားမည်ဖြစ်ကြောင်း၊ အာဏာရှင် လုပ်ချင်သည့်သူများကို လက်ခံမည့်သူ၊ အားပေးမည့် သူများလည်း နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်း၊ ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက အလိုလို နိုင်ငံရေးအရလည်း လုံခြုံသွားမည်ဖြစ်ပြီး လူမျိုးရေး အရလည်း နေလို့ကောင်းသွားမည်ဖြစ်ကြောင်း၊ စီးပွားရေး အရလည်း တိုးတက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ တကယ့်သတ္တိဆိုသည်မှာ အန္တရာယ်ကို သိရက်နှင့် မိမိတာဝန်အရ၊ မိမိယုံကြည်ချက်အရ လုပ်မည်ဆိုသည့် ယုံကြည်ချက်ပင် ဖြစ်ကြောင်း၊ ယင်းသတ္တိကို တာဝန်သိစိတ်နှင့် တွဲသွားမှသာ ခိုင်မာမည်ဖြစ်ကြောင်း၊ ကြောက်စိတ်ရှိသည် ဆိုသည်မှာ ရှက်စရာ မဟုတ်ဘဲ ယင်းကြောက်စိတ်ကို ထိန်းထားနိုင်ရန်နှင့် ကျော်လွှားနိုင်ရန်သာ အရေးကြီးကြောင်းလည်း ၎င်းကဆိုသည်။ ပညာနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ခြင်းသည်သာ ပညာဖြစ်ကြောင်း၊ မိမိမှာရှိသည့် အချက်အလက်များကို မိမိဘ၀၊ ပတ်ဝန်းကျင်နှင့် ဆီလျော်အောင် အသုံးချတတ်ခြင်းကသာ အရေးကြီးကြောင်း စသည်ဖြင့် ပြောသည်။ တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း သင်တန်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် လက်အောက်ရှိ ဆရာ၊ ဆရာမများကို သင်ယူမှု ဗဟိုပြုစနစ်ကို လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပြီး အမှတ်စဉ် (၂) သင်တန်းတွင် ဆရာ၊ ဆရာမ ၈၀ ကျော် ပါဝင်ခဲ့သည်။ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်) (ဓာတ်ပုံ-ဇင်ဘိုလွင်) ပြည်သူတိုင်းကသာ မိမိတာဝန်ကို အပြည့်အ၀ နားလည်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက နိုင်ငံတစ်နိုင်ငံသည် အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မေ ၁၁ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့သည့် NLD ပညာရေးကွန်ရက်၏ ပညာဒါန ကျောင်းဆရာ၊ ဆရာမများ ဂုဏ်ပြုပွဲနှင့် တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲတွင် အဖွင့်မိန့်ခွန်းပြောရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ "ပြည်သူတစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ကိုယ့်ရဲ့တာဝန်ကို သိမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ စနစ်ဟာ ဆိုးသွမ်းသွားစရာ ဘာမှမရှိဘူး။ ပြည်သူအားလုံး မဟုတ်ရင်တောင် တကယ့်အများစုကြီးကနေပြီး ကိုယ့်တာဝန်ကို ကိုယ်သိမယ်ဆိုရင် ဘယ်လိုလုပ် အာဏာရှင်စနစ်အောက် ရောက်သွားနိုင်မလဲ။ အာဏာရှင် လုပ်ချင်တဲ့ သူတွေကိုက နည်းသွားမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယင်းကဲ့သို့ ပြည်သူများကသာ မိမိတာဝန်ကို သိနေသည်ဆိုပါက အာဏာရှင် လုပ်ချင်သည့် သူများကလည်း ပြည်သူများ၏ စိတ်ကို သိသွားမည်ဖြစ်ကြောင်း၊ အာဏာရှင် လုပ်ချင်သည့်သူများကို လက်ခံမည့်သူ၊ အားပေးမည့် သူများလည်း နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်း၊ ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက အလိုလို နိုင်ငံရေးအရလည်း လုံခြုံသွားမည်ဖြစ်ပြီး လူမျိုးရေး အရလည်း နေလို့ကောင်းသွားမည်ဖြစ်ကြောင်း၊ စီးပွားရေး အရလည်း တိုးတက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ တကယ့်သတ္တိဆိုသည်မှာ အန္တရာယ်ကို သိရက်နှင့် မိမိတာဝန်အရ၊ မိမိယုံကြည်ချက်အရ လုပ်မည်ဆိုသည့် ယုံကြည်ချက်ပင် ဖြစ်ကြောင်း၊ ယင်းသတ္တိကို တာဝန်သိစိတ်နှင့် တွဲသွားမှသာ ခိုင်မာမည်ဖြစ်ကြောင်း၊ ကြောက်စိတ်ရှိသည် ဆိုသည်မှာ ရှက်စရာ မဟုတ်ဘဲ ယင်းကြောက်စိတ်ကို ထိန်းထားနိုင်ရန်နှင့် ကျော်လွှားနိုင်ရန်သာ အရေးကြီးကြောင်းလည်း ၎င်းကဆိုသည်။ ပညာနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ခြင်းသည်သာ ပညာဖြစ်ကြောင်း၊ မိမိမှာရှိသည့် အချက်အလက်များကို မိမိဘ၀၊ ပတ်ဝန်းကျင်နှင့် ဆီလျော်အောင် အသုံးချတတ်ခြင်းကသာ အရေးကြီးကြောင်း စသည်ဖြင့် ပြောသည်။ တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း သင်တန်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် လက်အောက်ရှိ ဆရာ၊ ဆရာမများကို သင်ယူမှု ဗဟိုပြုစနစ်ကို လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပြီး အမှတ်စဉ် (၂) သင်တန်းတွင် ဆရာ၊ ဆရာမ ၈၀ ကျော် ပါဝင်ခဲ့သည်။ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်) (ဓာတ်ပုံ-ဇင်ဘိုလွင်)

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နှင့်မြို့ပြကွာခြားမှုမရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် ဆောင်ရွက်နေ

တိုင်းပြည်ဖံွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးလက်ကွားခြားမှုမရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်တွင်မန်းတွင်ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘ၀မြှင့်တင်ရေးအစီစဉ်တွင် ပြောကြား သည်။ အဆိုပါလုပ်ငန်းစဉ် ၈ရပ်မှာ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးနှင့် သားငါးထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖံွံ့ဖြိုးတိုးတက်ရေး၊ အသေးစား ပုဂလိက ငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးတို့ ဖြစ်ပြီး ကုလသမဂ ထောင်စုနှစ်ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျှော့ချနိုင်အောင် ကြိုးပမ်းနေကြောင်း နိုင်ငံသမ္မတ ဦးသိန်းစိန်က ပြောသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံရေးပြု ပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်ထည် ဖော်ဆောင်ရွက်လျှက်ရှိရာ တိုးတက်မှုအတိုင်းတာ တစ်ခုထိရှိနေပြီဟု သမ္မက ဥိးသိန်းစိန်က ပြောသည်။ဖိုးလပြည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နှင့်မြို့ပြကွာခြားမှုမရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် ဆောင်ရွက်နေ မန္တလေး၊ မေ ၁၂ တိုင်းပြည်ဖံွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးလက်ကွားခြားမှုမရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်တွင်မန်းတွင်ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘ၀မြှင့်တင်ရေးအစီစဉ်တွင် ပြောကြား သည်။ အဆိုပါလုပ်ငန်းစဉ် ၈ရပ်မှာ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးနှင့် သားငါးထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖံွံ့ဖြိုးတိုးတက်ရေး၊ အသေးစား ပုဂလိက ငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးတို့ ဖြစ်ပြီး ကုလသမဂ ထောင်စုနှစ်ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျှော့ချနိုင်အောင် ကြိုးပမ်းနေကြောင်း နိုင်ငံသမ္မတ ဦးသိန်းစိန်က ပြောသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံရေးပြု ပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်ထည် ဖော်ဆောင်ရွက်လျှက်ရှိရာ တိုးတက်မှုအတိုင်းတာ တစ်ခုထိရှိနေပြီဟု သမ္မက ဥိးသိန်းစိန်က ပြောသည်။ဖိုးလပြည့်

ဘဝထဲကရတဲ့ သင်ခန်းစာများ ဆုံးရှုံးမခံပါနဲ့

ဘဝထဲကရတဲ့ သင်ခန်းစာများ ဆုံးရှုံးမခံပါနဲ့ ( ၁ )ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့ ဘ၀မှာ ဆုံးရှုံးမှုဆိုတာကို ထင်းခွေမကြုံ၊ ရေခပ်ကြုံရမှာက လူတိုင်းပါ ။ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာယူတတ်ရင် အရှုံးထဲက အမြတ်ထွက်မှာသေချာပါတယ် ။ ဒါကြောင့် အရှုံးနဲ့ ကြုံရသည့်တိုင် အဲဒီ့ အရှုံးထဲက သင်ခန်းစာကိုလက်လွတ်မခံကြနဲ့နော် ။ (၂ )ဘာမှမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက်မသွားစေနဲ့နော် ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ ။ စိတ်အလို ၊ငါစွဲ ၊ နိုင်ချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့် ပြတ်တောက်သွားတဲ့ သံယောဇဉ်တွေ၊ စိမ်းတိမ်းတိမ်း၊ဆတ်တတ်တတ်ဖြစ် သွားရတဲ့ ဆက်ဆံရေးတွေကို ပြန်ငဲ့ကြည့်ရင် ဘာမှမဟုတ်တဲ့သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့် ဖြစ်နေတာ တွေ့ရမှာပါ ။ငါ့နှယ့်ကွာ ၊ မဖြစ်လိုက်ရင် အကောင်းသားလို့ နောင်မှ တွေးမိနေတာထက်စာရင် သံယောဇဉ် ကိုတန်ဖိုးထားပြီး ကွဲလွဲမှု အသေးအမွှားလေးတွေကို ရှောင်နိုင်အောင် သတိလေးနဲ့ အားထုတ်နေမယ်ဆိုရင် နေရတဲ့ ဘ၀မှာ သံယောဇဉ် များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲ ။ ( ၃ )အမှားတစ်ခုကျုးလွန်လိုက်မိတိုင်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်းကြိုးစားပါတော့ တစ်ခါတလေကျ မှားမှန်းသိလျက်နဲ့ ဇွတ်တိုးမိတတ်တာလည်း လူ့သဘာဝတစ်ခုပဲ၊မှားမှန်းသိသိချင်း ပြင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အလုပ်တစ်ခုပါပဲနော် ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပြင်နိုင်မယ်ဆိုရင်တော့ နေပျော်တဲ့ဘ၀ လမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါ ။ ( ၄ )ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်းရှိပါစေ လူဆိုတာ တစ်ယောက်တည်း မနေတတ်တဲ့သတ္တ၀ါဆိုတာတော့ မှန်တယ် ။ ဒါပေမဲ့ တစ်နေ့မှာ တစ်ခါတော့ ကိုယ့်ဘာသာ တစ်ယောက် တည်းနေကျင့်လေးရှိနေ ဖို့လိုတယ် ။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရင်သုံးသပ်၊ မသုံးသပ်လည်း တွေးချင်ရာတွေးနေဖို့ အချိန်လေးပေါ့ ။ ( ၅ )ကိုယ့် အသိပညာကိုမျှဝေပေးပါ ကိုယ်သိတာ ကိုယ့်ဝမ်းထဲမှာသာ သိမ်းထားတဲ့လူဆိုတာ အလကားပဲလေ ။ ကိုယ်သိတာ ၊ကိုယ့်ပညာကို အများအတွက် မျှဝေပေးနိုင်လေလေ၊ကိုယ့်ကို လူတွေတသသ ဖြစ်လေလေပါပဲ ။ လူသေပေမဲ့ နာမည်မသေဆိုတာ အဲသလို မိမိရဲ့ အသိအမြင်၊ ပညာကို မျှဝေပေးနိုင်သူများနဲ့ ကျမှ ဖြစ်တတ်တာမျိုးပေါ့။ ( ၆ ) တစ်နှစ်မှာ တစ်ခါတော့ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသ တစ်ခုခုကို အရောက်သွားပါ ဒါကတော့ အလုပ်နဲ့အိမ် ၊ အိမ်နဲ့အလုပ် မှာချည်း ဖိစီးတင်းကြပ်နေသူများနဲ့ သက်ဆိုင်ပါလိမ့်မယ် ။ ဘယ်လိုလူမျိုးမဆို အပြောင်းအလဲလေးတွေ ကိုခုံမင်တတ်တာမို့ အရပ်ဒေသ အပြောင်းအလဲလေးတွေဆီ တစ်နှစ်တစ်ခါလောက် သွားပေးခြင်းဖြင့် မိမိကိုယ်ကို အားသစ်လောင်းနိုင်ပါတယ် ။ ( ၇ )ကိုယ်လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရဖို့အတွက် ကိုယ်ဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကိုတိုင်းတာပါ အောင်မြင်မှုကို လူတိုင်းခံစားဖူး ကြပါလိမ့်မယ်။ အောင်မြင်မှုကြောင့်ဘ၀င်တွေလည်း လေဟပ်ဖူးကြလိမ့်မယ် ။ ဒါပေမဲ့ အဲဒီ့အောင်မြင်မှုကို ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို ပြန်စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် ကိုယ့်အောင်မြင်မှုဟာ ပိုမို လေးနက်လာနိုင်သလို ဘ၀င်မြင့်ချင်တဲ့ရောဂါကိုလည်း အလိုလိုကုပြီးသားဖြစ်သွားမှာပါ ။ ကျွန်တော်ကိုယ်တိုင်လည်း သည်အကြောင်းအရာလေးတွေကို ကြိုက်နှစ်သက်လို့ (အလင်းတန်းဂျာနယ်) ကနေ ပြန်လည်မျှဝေပေးလိုက်တာပါ ။ လူတိုင်းအတွက် တစ်နည်းမဟုတ် တစ်နည်းတော့ အသုံးတည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။ အားလုံးပျော်ရွှင်နိုင်ကြပါစေနော်....

Rod Stewart-Young turks