Saturday, May 11, 2013
မန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်လီမိတက် အများပိုင်ဘဏ်စစ်စစ်ပြုလုပ်လို၍အမည်သစ်ပြောင်း
ြ ရန်ကုန် -မေ ၁၂ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေးဘဏ်လီမိတက်အား ယခင်က Semi Government အဖြစ်ရပ်တည်နေရာမှ ယခုအခါ အများပိုင်ဘဏ်စစ်စစ်အဖြစ်ပြောင်းလဲလိုခြင်းကြောင့် အမည်သစ်သစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေးဘဏ်လီမိတက်အားမြန်မာ့ရတနာဘဏ်လီမိတက်အဖြစ် အမည်သစ်ပြောင်းလဲသည့်အခမ်းအနားကိုယနေ့ မနက် ၁၀ နာရီတွင် ယုဇနဟိုတယ်၌ ကျင်းပခဲ့သည်။ ယခင်က Semi Government အဖြစ်ရပ်တည်နေရာမှ ယခုအခါ အများပိုင်ဘဏ်စစ်စစ်အဖြစ်ပြောင်းလဲလိုခြင်းကြောင့် အမည်သစ်သစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ အမည်သစ်ပြောင်းလဲလိုက်သောမြန်မာ့ရတနာဘဏ်လီမိတတ်သည် ၁၉၉၆ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဘဏ်စတင်လုပ်ကိုင်စဉ် အစိုးရထံမှ ချေးငွေအဖြစ်ရယူခဲ့သော ကျပ်သန်း(၁၀၀၀) ကို ၂၁၁၄ ခုနှစ် ဧပြီတွင် အတိုးငွေနှင့် တကွပြန်လည်ပေးဆပ်ပြီးဖြစ်သောကြောင့် အစိုးရနှင့်မသက်ဆိုင်သော အများပိုင်ဘဏ်တစ်ခုအဖြစ်ရပ်တည်နေပြီဖြစ်ကြောင်းသိရသည်။ မြန်မာ့ရတနာဘဏ်လီမိတတ်သည် လက်ရှိတွင် နေပြည်တော်၊ရန်ကုန်၊မန္တလေး၊မကွေး၊ပဲခူး၊စစ်ကိုင်း၊ ဧရာဝတီ၊တနသာင်္ရီ တိုင်းဒေသကြီးများ၊မွန်၊ကရင်၊ရှမ်း၊ရခိုင် ပြည်နယ်များတွင်ဘဏ်ခွဲပေါင်း(၆၀) ဖွင့်လှစ်လုပ်ကိုင်နေပြီး ယခုဘဏ္ဍာနှစ်တွင်ဘဏ်ခွဲ (၉)ခုထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဘာမှမလုပ်တတ်သေဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment