Sunday, October 27, 2013

wai hlaing၀၁။ Introduction (Myanmar) ၀၂။ Introduction (English) ၀၃။ ချစ်ရသောမြေ – နီနီခင်ဇော် ၀၄။ ဖိတ်ခေါ်ပြီ – Rဇာနည်၊ Lဆိုင်းဇီ ၀၅။ အိမ်ရှင် – လေးဖြူ၊ အငဲ၊ မျိုးကြီး၊ MYC ၀၆။ Born To Win – Jock & Zara ၀၇။ ဟေး..လာ – စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေ၊ ၀ိုင်းဆုခိုင်သိန်း ၀၈။ အခုအချိန်က – နယ်လ်နော်၊ အောင်ကိုမြင့်၊ အောင်ဖြိုး၊ ဝေလ၊ လင်းလင်း(Inferno) ၀၉။ ရွှေရောင်လက်ခုပ်သံ – ဇော်ပိုင်၊ ရေဗက္ကာဝင်း ၁၀။ မကြောက်နဲ့ကျူံး ၂၀၁၃ – ဂျေမီ၊ ArT ၁၁။ Win The Day – နီနီခင်ဇော် ၁၂။ လက်ခုပ်တီးမယ်ဟေ့ – ရဲလေး ၁၃။ We Love Sea Game – နေနေ ၁၄။ ပန်းတိုင်သို့ – ဇော်ဝင်းထွဋ် ၁၅။ Colourful Garden – Lလွန်းဝါ၊ လေးလေးဝါး

တပ်မတော်(လေ)ရှိ အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များ

    WAI  HLAING          မြန်မာ့တပ်မတော်၏ စစ်လက်နက်များအကြောင်းအား လေ့လာမိသလောက်ရေးသားရင်း ပြည်သူများမှ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အခြေခံအချက်လက်များအား လေ့လာမိစေရုံသာမကဘဲ စိတ်လက်နက်စိတ်ဝင်စားသူများ၏ စုဝေးရာနေရာလေးတစ်ခုဖြစ်စေရန် ရည်ရွှယ်ရင်း ဖော်ပြပေးနေသော ဘလော့တစ်ခုဖြစ်သည်နှင့်အညီ ယခုတစ်ကြိမ်လည်း တပ်မတော(လေ)ရဲ့ အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များအကြောင်းကို ဖော်ပြပေးပါဦးမယ်...။ ပုံများကိုတော့ တပ်မတော်(လေ) စွန့်လွှတ်စွန့်စား မြန်မာ့လေသူရဲများ တီဗီအစီအစဉ်မှ ကူးယူးထားခြင်းဖြစ်ပါတယ်...။

တပ်မတော်(လေ)ရှိ အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်


Mi-2 အပေါ့စားတိုက်ခိုက်ရေးဟတ်ယာဉ်များကို ယခင် ဆိုဗီယက်နိုင်ငံမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီးတော့ တပ်မတော်(လေ)သို့ ၁၉၉၁ခုနှစ်မှ စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်....။ တပ်မတော်(လေ)၏ ပထမဆုံးသော တိုက်ခိုက်ရေးအမျိုးအစား ရဟတ်ယာဉ်ဖြစ်ပါသည်...။အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် ဆိုသလိုပါဘဲ သူ့အနေနှင့် ပိုမိုအစွမ်းထက်တဲ့ MI-35P တို့လို စွမ်းရည်မြင့်လက်နက်တွေ မပါဝင်ပါဘူး...။ ဒါပင်မဲ့လို့ တပ်မတော်(လေ)အနေဖြင့် အပေါ့စားရဟတ်ယာဉ် တစ်မျိုးဖြစ်တဲ့ ပိုလန်ထုတ် Sokol W-3 ရဟတ်ယာဉ်များကို အနားပေးခဲ့ပင်မဲ့လို့ အမ်အိုင်-၂ အပေါ့စားရဟတ်ယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ခြင်းကို ထောက်ဆကြည့်မယ်ဆိုပါက အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်ရဲ့ အရေးပါမှုဆက်လက်ရှိနေဆဲဆိုတာ သိရှိနိုင်ပါတယ်....။

လက်နက်တပ်ဆင်၍ ပျံသန်းရေးဆောင်ရွှက်နေမှု

တပ်မတော်(လေ)ရဲ့ အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်မှု ပြုလုပ်ခြင်းများကို လေ့လာကြည့်မယ်ဆိုရင်တော့... ၂၀၀၉ခုနှစ်များ ဝန်းကျင်ကစလို့ လေတပ်ကတာဝန်ရှိသူများနှင့် ရုရှားမှပညာရှင်များပူးပေါင်းကာ အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ကြပါတယ်...။ ဘယ်အစိတ်အပိုင်းတွေကို အဆင့်မြှင့်ခဲ့သလည်းဆိုတာကိုတော့ မသိရပင်မဲ့လို့ တပ်မတော်(လေ)ရဲ့ အစီအစဉ်မှာတွေ့ရတဲ့ အတိုင်းပြောရမယ်ဆိုရင်တော့ အမ်အိုင်-၂ ရဟတ်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေဟာ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းအတွက် လုံလောက်တဲ့ လက်နက်စနစ်ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်...။

အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်း
အမျိုးအစားကို သိသူများဖော်ပြပေးကြပါ
၇.၆၂ စက်သေနတ်ဟု ယူဆရပါသည်...။ အမျိုးအစားကိုကြည့်ခြင်းအားဖြင့် ရဟတ်ယာဉ်၏ အဆင့်မြှင့်တင်ထားမှုသည် သိသာသော တိုးတက်မှုရှိကြောင်း သုံးသပ်နိုင်ပါသည်...။ လေတပ်မှ ရဟတ်ယာဉ်များ၊သယ်ပို့လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် ဖော်ပြထားချက်များအရ လေတပ်မှ အင်ဂျင်နီယာများ၏ စွမ်းဆောင်မှုများဖြင့် ဘီလ်-၂၀၅-၆ ရဟတ်ယာဉ်များကိုလည်း ပြန်လည်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသည်...။

စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်းက အမ်အိုင်-၂ ရဟတ်ယာဉ်များ
စစ်ဆင်ရေးများအနေဖြင့်လည်း မုန်တိုင်းစစ်ဆင်ရေးနှင့် နဂါးမင်းစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ဖူးသည်ဟု သိရပါသည်...။ပင်လယ်ပြင် လုံခြုံရေးဆိုင်ရာ တာဝန်ရပ်များလည်း ထမ်းဆောင်နိုင်ပြီး တပ်မတော်(ရေ)၏ အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်နှင့်အတူ ပင်လယ်ပြင်လုံခြုံရေးတာဝန်များအား ထမ်းဆောင်ခဲ့ပါသည်...။ယခင်ကလည်း အင်းတော် စစ်ရေယာဉ်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့မှုများရှိပါသည်..။
  
အောင်ဇေယျဖရီးဂိတ်ပေါ်တွင် ဆင်းသက်မှုပြုနေစဉ်
FN MAG ၇.၆၂ စက်သေနတ်အား တပ်ဆင်နေစဉ်
၂၀မမ စက်အမြောက်တပ်ဆင်ထားမှု
၅၇မမ ရော့ကတ်လောင်ချာ တပ်ဆင်ထားမှု
တပ်မတော်(လေ)၏ လေတပ်အင်အားတိုးချဲ့မှုများအနက် မျိုးဆက်သစ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြစ်သော အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အကြောင်းလည်း ဖော်ပြပေးပါဦးမည်ခင်ဗျာ...။ထို့အပြင် လေတပ်၏ လက်ရှိအသုံးပြုနေဆဲဖြစ်သော အေ-၅စီ ဖန်တန် (A-5C Fantan) များအား အစားထိုးမည့် JH-7A Flying Leopard မြေပြင်ပစ်နှင့်အီလက်ရောနစ်စစ်ဆင်ရေးသုံး တိုက်ခိုက်ရေးလေယာဉ်များအကြောင်း တင်ပြပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်ခင်ဗျာ....။ အပေါ်တွင်ဖော်ပြထားသော အချက်လက်မျာအနက် အမှားယွင်းများရှိပါက ဝေဖန်ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ....။

ကိုးကား- တပ်မတော်(လေ) အစီအစဉ်များ.............COPY

လွမ်းတစ်ပတ်လည်



wai hlaing

Thursday, October 3, 2013



အမေရိကန်ရဲ့ World Trade Center ကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက်အဖွဲ့သားတွေ လေယာဉ်အပိုင်စီး ပြီး တိုက်ခဲ့တာ 9/11 ပါ။
အဲနေ့က တကမ္ဘာလုံးက လူသားတွေ တုန်လှုပ်ခဲ့ရပြီး အိုစမာဘင်လာဒင်
ရဲ့ ရက်စက်ကြမ်းကြုတ်မှု အပေါ် စက်စုပ်ရွံရှာခဲ့ကြပါတယ်။

ယနေ့ အမေရိကန်လို 9/11 အဖြစ်အပျက် မြန်မာပြည်မှာ တိုက်တိုက်ဆိုင်ဆိုင်
ဖြစ်ခဲ့ရပါတယ်။ အသတ်ခံရတာကတော့ကြာပြီ။ ဒါပေမယ့် ပြည်သူတွေကြားမှာ
သတင်းပျံ့ခဲ့တာက 9/11 ရက်မှာပါ။ ဖြစ်ပုံက ပူတာအို ခရိုင်အတွင်းမှာ ဗိုလ်ဇော်မျိုးထက်ဦးစီးတဲ့
စစ်ကြောင်းကို KIA က ချုံခိုတိုက်၊ ဗိုလ်ဇော်မျိုးထက်နဲ့ စစ်သည်တွေကို သတ်ဖြတ်သွား
တဲ့ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်သတင်းကို ကြားသိလိုက်ရတဲ့ ပြည်သူတွေဟာ ဒီလုပ်ရပ်အပေါ်အိုစမာဘင်လာဒင်ရဲ့
လူမဆန်တဲ့ 9/11 လိုအဖြစ်အပျက်မျိုးလိုပဲ အင်မတန်မှ ဒေါသထွက်စက်ဆုပ်ရွံရှာခဲ့ရပါတယ်။

ဖြစ်စဉ်က ဒီလိုပါ။
စစ်ပွဲတွေမှာ စစ်သားသေတာ မစမ်းပါဘူး။ ဒါပေမယ့် ဒါက စစ်ပွဲမဟုတ်ဘူး။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲနေချိန်။ ကိုယ့်ကိုကိုယ် ကာကွယ်
ဖို့ကလွဲရင် သေနတ်မောင်းကို မဆွဲမိဖို့ တပ်မတော်က အမိန့်ထုတ်ထားတဲ့အချိန်။
ဒါကို အခွင့်ကောင်းယူလို့ KIA က စတိုက်တယ်။ လမ်းမှာတွေ့ရင်တောင် တပ်မတော်သား
တွေအနေနဲ့ KIA အပေါ်ကို ပခုံးဖက် နှုတ်ဆက်ဖို့ပဲ KIA အပေါ် မတိုက်ရဆိုပြီး ငြိမ်းချမ်းရေး
ဆွေးနွေးမှု အတွက် တပ်မတော်ဘက်က အပစ်ရပ်ထားတဲ့အချိန်
မှာ KIA ကချုံခိုတိုက်ပြီး တပ်မတော်သားတွေကို ဖမ်းခေါ်သွားတယ်။

နောက်တော့ ဖမ်းဆီးရမိတဲ့ ဗိုလ်ဇော်မျိုးထက်ကို အခြားဖမ်းမိထားတဲ့ သုံ့ပန်းစစ်သည်တွေရှေ့မှာ
အမျိုးမျိုးနှိပ်စက်လို့ ခေါင်းဖြတ်သတ်။ ဗိုက်ကိုခွဲ။ ကွဲနေတဲ့ ဗိုက်ထဲကို ဖြတ်ထားတဲ့ခေါင်းကိုထည့်ကာ
သွေးအေးအေးနဲ့ လူမဆန်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ကျန်တဲ့ သုံ့ပန်းစစ်သည်တွေကို လည်း သွေးအေးစွာ
နဲ့ သတ်ဖြတ်ခဲ့ပါတယ်။

သုံ့ပန်းဆိုတာ မနှိပ်စက်၊ မသတ်ဖြတ်ရဘူးဆိုတာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဂျီနီဗာကွန်ဗင်းရှင်းဆိုတာရှိပါတယ်။ ဒါကို KIA က ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲ
ထားတဲ့ တပ်မတော်သားတွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးသွားတဲ့အပြင် ရက်ရက်စက်စက် လူမဆန်စွာ
သတ်ဖြတ်ခဲ့ပြီး ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့တာပါ။

ဒီလိုလူမဆန်တဲ့ အဖြစ်အပျက်အတွက် KIA ကဘယ်လိုတာဝန်ယူမလဲ။ KIA ဆိုတာဘာအဖွဲ့လဲ။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ဘာလဲ။
ပြည်သူတွေကတော့ KIA အပေါ်
တပ်မတော်က ထိုးစစ်ဆင်စေချင်နေပါပြီ။ ငြိမ်းချမ်းရေးအတွက် အပြတ်တိုက်မှ ရမယ်လို့ ဆိုကုန်
ကြပါပြီ။

အိုစမာဘင်ဘာဒင်ဆိုတာ အရင်က ကမ္ဘာသိ လူတိုင်းသိ အကြမ်းဖက်သမား
မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ နယူးယောက်မှာရှိတဲ့ World Trade Center ကို တိုက်ခိုက်ခဲ့တဲ့
9/11 အရေးကြောင့် သူ့ရဲ့ ရက်စက်ယုတ်မာမှုကို လူတိုင်းသိခဲ့ရပါတယ်။ 9/11 ကြောင့်ပဲ လူသိခဲ့ရသလို
သူ့ရဲ့ အကြမ်းဖက်အဖွဲ့လည်း အမေရိကန်ရဲ့ နိဂုံးချုပ် ပေးခြင်းကို ခံခဲ့ရပါတယ်။ ခုလည်း မြန်မာပြည်ရဲ့
9/11 အဖြစ်အပျက်ဟာ KIA ရဲ့လူမဆန်ဘဲ အင်မတန်ရက်စက်ယုတ်မာမှုတွေကို ပြည်သူတွေ ထင်ထင်ရှားရှားသိခဲ့ရပါပြီ။ ဒီအဖြစ်အပျက်ကြောင့်ပဲ KIA ဆိုတာလည်းငြိမ်းချမ်းရေးအတွက်ပဲ
ရှေ့ဆက် ဆောင်ရွက်နိုင်မလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.........
WAI HLAING  
အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။

ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြုံမှု တည်မြဲမှုကိုမပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ်နေတဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။

တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာတော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည်လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစားချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေအားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင်ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲလေ။

ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာလည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ။ ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက .... ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။

ယောကျာ်းလေးတော်တော်များများကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။ သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာလေ။ တော်တော်လေး ချောတာပါ။ကျနော့်အသိ လမ်း၄၀နားက(လမ်းအတိအကျမပြောချင်လို့ပါ)အသက်၄၀ကျော်ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။ သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး ၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။ သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို ဖြတ်လိုက်တယ်။ မပျော်တော့လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။ အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင် အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။

ဝါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါတယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင်ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေးတွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက်ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာတွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေရန်ပွဲဖြစ်ကြရတာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။

အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း ကိုယ့်ချစ်သူလေးမျက်နှာကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ်တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။ COPY...

အားလုံးနဲ့လဲပါတယ် -- Phyu Phyu Kyaw Thein



wai hlaing

Myanmar is Not for Sale ( Not for Sale ဗျူဟာ black hole )



wai hlaing

ဆရာကြီးလား ဗျူဟာ



wai hlaing

ဗျူဟာ



wai hlaing

Copy of ဂျောက်ဂျက် ဘူလေးလဲ -You Tube



wai hlaing

အိမ်ထောင်သယ်မိန်းမများ မိမိယောက်ျားကို ဒါတွေကျွေးပါ

အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်...copy...

ယောက်ျားလေးများသိထားသင်တဲ သဘဝဖြစ်စဉ်း 18+



Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁ဝ မိနစ်လောက်ဆို ကျသွားပါတယ်။ ပြန်မာအောင် လုပ်ပြီး ထပ်လုပ်ပြန်ရင်လဲ၊ ၁ဝ မိနစ် ဝန်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။

တခါတခါ ပြီးဖို့လဲ အတော်လေး ကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါ ပြီးရင်တော့ ၁ နာရီလောက် နားပြီး၊ ပြန်ဆွပေးရင် ပြန်မာလာပြန်ပါတယ်။ ဒါပေမယ့် အခုနလိုပဲ လိင် ဆက်ဆံမှု ပြန်နေရင်းနဲ့  ပြန်ကျသွားတတ် ပြန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့  လိင်ဆက်ဆံတဲ့ အကြိမ် ကျွန်တော့်မှာ အတော်လေး နည်းပါးပါတယ်။ များသောအားဖြင့် Masturbation လုပ်တာ များပါတယ်။ ကျွန်တော် စိုးရိမ်တာက Masturbation အလုပ်များလို့ လက်ရဲ့အားကို လိင်ဆက်ဆံမှုလုပ်တာ မလိုက်နိုင်တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညိုးများ ဖြစ်နေပြီလား ဆိုတာကိုပါ။ များသောအားဖြင့် သုက်လွှတ် မြန်တာကို ထိန်းဖို့ ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။

A: (မာစတာဘေးရှင်း) ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သား ကျကြတာပါဘဲ။ ငယ်တုံးက အကျင့်ကြောင့် နောင် ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်ပါ။
လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာလာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီး ရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုံးလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါ ရောဂါတခုရဲ့ လက္ခဏာ မဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။

မေးတဲ့သူမှာ ပန်းညှိုးရောဂါ မရှိပါ။ ရှိတဲ့သူတွေက ၁ဝ မိနစ် မပြောနဲ့ စတောင် မစနိုင်ကြရှာပါ။ အင်္ဂါချင်း ထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂ မပါဘဲ ဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကို ပြင်ဘို့ လိုမယ်။ “အင်္ဂါသန်မာမှု” ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီး ဆိုင်တယ်။ Viagra ဆေး ဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုး တခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေ ပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။
စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဆိုတဲ့ အာရုံခြောက်ပါး ဖြစ်ပါတယ်။ တယောက်နဲ့ တယာက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာခြင်း မတူကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင် ဖတ်ဘူးကြလိမ့်ပါမယ်။

လက်ကိုသုံးလို့ ပိုအဆင်ပြေတာကို ထောက်ရင် လက်ရဲ့ လှုတ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မ အင်္ဂါကို အသုံးပြုခြင်းက ဒီလောက် အဆင်မပြေတဲ့ သဘော ဖြစ်နေတယ်။ အဆင်ပြေအောင် လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့ စိတ်၊ လေးချက်ရှိတယ်။
ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဘို့ လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်း ကိုဘဲ ရွေးထုတ်ပြောကြ တာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လို ထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖေါ်နဲ့ ဆက်ဆံရာမှာ အဲလို အခြေအနေ မျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။
ကျားအင်္ဂါရဲ့ ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျ ပြောရရင် ထိပ်ဖျား (ခေါင်း) နဲ့ သူ့ရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။

အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင် ဖြစ်စေသလို ခံစားမှုလည်း အများဆုံး ရစေတယ်။ လက်ကို အသုံးပြုရင်လည်း ဒါကို ဖြစ်စေအောင် လုပ်တာပါဘဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုး ဖြစ်အောင်လုပ်ပါ။
မ အင်္ဂါကလည်း အဆင်ပြေဘို့ လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွါးရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုး မကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကြွမ်းကျင်မှု လိုသေးတယ်။ ကလေး မွေးဘူးတာနဲ့ မ အင်္ဂါအဝရဲ့ အောက်တည့်တည့် နေရာက စုတ်ပြဲသွားတော့တယ်။ ကလေး မမွေးဘူးရင်တောင်မှ တချို့စုတ်သွားတတ် သေးတယ်။ တင်းအား လျှော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မ-အင်္ဂါကို လိုတယ်ထင်ရင် ခွဲစိတ်ပြုပြင်ပြီး၊ အပျိုနဲ့ မခြားအောင် ဆရာဝန်များက ပါရမီ ဖြည့်ပေးနိုင်တယ်။

အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်း အဆိုးရှိသေးတယ်။ အတွေ့အကြုံ ရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်” ဆိုတာလိုပေါ့။

နောက်ပြီး မ အင်္ဂါအဝသာမက အဲဒီနေရာတဝှိုက်က ကြွက်သားနဲ့ အရွတ်တွေ သန်မာနေဘို့ လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျှော့ကျပြီး၊ Prolapse of the Uterus “သားအိမ်ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ် ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင် များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ် ကျ (ကြွံ) တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက် (အောက်) ဖက်မှာရှိတဲ့ အစာဟောင်းအိမ် ကျ (ကြွံ) တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်အိမ် သုံးခုလုံး တပြိုင်နက် ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။

ကလေးမီးဖွါးရလို့ မဟုတ်ဘဲ၊ အနေအထိုင် လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဘူးတယ်။ အလေးအပင် မ တာ၊ အထိုင်အထ လုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ဝမ်းညှစ်သွားရတာ စတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်က ကြည့်ရင် (ဝိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီး သူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်” လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေး အရပါ ကောင်းတယ်။ ဆောင့်ကြောင့် မထိုင်သင့်ဘူး။

ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ဖြစ်တယ်။ ဒါတွေကနေ စုစည်း မ တင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာခြည်၊ အလေးအပင် မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်း မ-တင်ပေးတဲ့အား လျှော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကြွံ ဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။

ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်ကောင်းအောင် လုပ်နိုင်တယ်။ Pelvic floor exercise လို့ခေါ်တယ်။ သိပ်မခက်၊ သိပ်အပမ်းမကြီးပါ။ ဘယ် ကြွက်သားတွေလဲ ဆိုတာသိဘို့ အရင်သင်ပေးရတယ်။ ဆီသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတဝှိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ် ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေ တင်းလိုက်၊ လျှော့လိုက် လုပ်ပေးတာက လေ့ကျင့်ခန်း ဖြစ်တယ်။ တခါလုပ်ရင် ၁ဝ-၂ဝ ကြိမ်၊ နေ့တိုင်း ၂ ကြိမ် လုပ်ပါ။
နောက်တချက် လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓါတ်ဆား နည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ဝမ်းပျက်တာတွေကြောင့် ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့အစားတွေက ငှက်ပြောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေ ဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည် သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။

ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျား အင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုတ်ရှားမှု လုပ်တယ်။ လက်နဲ့လည်း ဒါမျိုလုပ်တာဘဲ။ အင်္ဂါနှစ်ခုလုံး သုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံး ယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာ ကိုရော ထိမိစေတာဖြစ်ရင် ခံစားမှု အများဆုံး ရစေတယ်။ မ အင်္ဂါဟာ အဝနဲ့ အတွင်းပိုင်းတွေက မတူကြဘူး။ အဝက ကျဉ်းတဲ့အပြင် ကြွက်သားက လှုတ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြော အများဆုံးနေရာနဲ့ မ အင်္ဂါရဲ့ အကျဉ်းဆုံးနေရာ နှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ် ပိုစေတယ်။ ပြောခဲ့သလို မ အင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။

နောက်ဆုံးအချက်က မ စိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တယောက်နဲ့ တယောက် လိင်စိတ် အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက် ယောက်ကနေ ဦးဆောင်နိုင်တယ်။ တဦးနဲ့တဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့် (ပါတနာ) ကိုပါ ပူးပေါင်း ဆောင်ရွက်ဘို့ စည်းရုံးပါ။

တယောက်က ခံစားမှု ကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူဘဲ။ အနေအထား၊ နည်းလမ်း၊ လှုတ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေ ပြီးပြီးပျောက်ပျောက်၊ တခါတလေ တမေ့တမြော။ တခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ (ပါဖက်) ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောက မထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေး တိုးတက်လာတာ စုံတွဲတိုင်းပါ။
အောက်က ရေးပြီးသားစာတွေကို အချိန်ရရင် ဖတ်စေချင်ပါတယ်.........copy

Myanmar Nice Song 2013 Htet Wai Yan Naing ( Me & She )



wai hlaing

Tuesday, October 1, 2013