WAI HLAING မြန်မာ့တပ်မတော်၏ စစ်လက်နက်များအကြောင်းအား လေ့လာမိသလောက်ရေးသားရင်း
ပြည်သူများမှ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အခြေခံအချက်လက်များအား
လေ့လာမိစေရုံသာမကဘဲ စိတ်လက်နက်စိတ်ဝင်စားသူများ၏
စုဝေးရာနေရာလေးတစ်ခုဖြစ်စေရန် ရည်ရွှယ်ရင်း ဖော်ပြပေးနေသော
ဘလော့တစ်ခုဖြစ်သည်နှင့်အညီ ယခုတစ်ကြိမ်လည်း တပ်မတော(လေ)ရဲ့ အမ်အိုင်-၂
အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များအကြောင်းကို ဖော်ပြပေးပါဦးမယ်...။
ပုံများကိုတော့ တပ်မတော်(လေ) စွန့်လွှတ်စွန့်စား မြန်မာ့လေသူရဲများ
တီဗီအစီအစဉ်မှ ကူးယူးထားခြင်းဖြစ်ပါတယ်...။
တပ်မတော်(လေ)ရှိ အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်
Mi-2 အပေါ့စားတိုက်ခိုက်ရေးဟတ်ယာဉ်များကို ယခင် ဆိုဗီယက်နိုင်ငံမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီးတော့ တပ်မတော်(လေ)သို့ ၁၉၉၁ခုနှစ်မှ စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်....။ တပ်မတော်(လေ)၏ ပထမဆုံးသော တိုက်ခိုက်ရေးအမျိုးအစား ရဟတ်ယာဉ်ဖြစ်ပါသည်...။အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် ဆိုသလိုပါဘဲ သူ့အနေနှင့် ပိုမိုအစွမ်းထက်တဲ့ MI-35P တို့လို စွမ်းရည်မြင့်လက်နက်တွေ မပါဝင်ပါဘူး...။ ဒါပင်မဲ့လို့ တပ်မတော်(လေ)အနေဖြင့် အပေါ့စားရဟတ်ယာဉ် တစ်မျိုးဖြစ်တဲ့ ပိုလန်ထုတ် Sokol W-3 ရဟတ်ယာဉ်များကို အနားပေးခဲ့ပင်မဲ့လို့ အမ်အိုင်-၂ အပေါ့စားရဟတ်ယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ခြင်းကို ထောက်ဆကြည့်မယ်ဆိုပါက အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်ရဲ့ အရေးပါမှုဆက်လက်ရှိနေဆဲဆိုတာ သိရှိနိုင်ပါတယ်....။
လက်နက်တပ်ဆင်၍ ပျံသန်းရေးဆောင်ရွှက်နေမှု
တပ်မတော်(လေ)ရဲ့ အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်မှု ပြုလုပ်ခြင်းများကို လေ့လာကြည့်မယ်ဆိုရင်တော့... ၂၀၀၉ခုနှစ်များ ဝန်းကျင်ကစလို့ လေတပ်ကတာဝန်ရှိသူများနှင့် ရုရှားမှပညာရှင်များပူးပေါင်းကာ အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ကြပါတယ်...။ ဘယ်အစိတ်အပိုင်းတွေကို အဆင့်မြှင့်ခဲ့သလည်းဆိုတာကိုတော့ မသိရပင်မဲ့လို့ တပ်မတော်(လေ)ရဲ့ အစီအစဉ်မှာတွေ့ရတဲ့ အတိုင်းပြောရမယ်ဆိုရင်တော့ အမ်အိုင်-၂ ရဟတ်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေဟာ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းအတွက် လုံလောက်တဲ့ လက်နက်စနစ်ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်...။
အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်း
အမျိုးအစားကို သိသူများဖော်ပြပေးကြပါ
၇.၆၂ စက်သေနတ်ဟု ယူဆရပါသည်...။ အမျိုးအစားကိုကြည့်ခြင်းအားဖြင့် ရဟတ်ယာဉ်၏ အဆင့်မြှင့်တင်ထားမှုသည် သိသာသော တိုးတက်မှုရှိကြောင်း သုံးသပ်နိုင်ပါသည်...။ လေတပ်မှ ရဟတ်ယာဉ်များ၊သယ်ပို့လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် ဖော်ပြထားချက်များအရ လေတပ်မှ အင်ဂျင်နီယာများ၏ စွမ်းဆောင်မှုများဖြင့် ဘီလ်-၂၀၅-၆ ရဟတ်ယာဉ်များကိုလည်း ပြန်လည်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသည်...။
စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်းက အမ်အိုင်-၂ ရဟတ်ယာဉ်များ
စစ်ဆင်ရေးများအနေဖြင့်လည်း မုန်တိုင်းစစ်ဆင်ရေးနှင့် နဂါးမင်းစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ဖူးသည်ဟု သိရပါသည်...။ပင်လယ်ပြင် လုံခြုံရေးဆိုင်ရာ တာဝန်ရပ်များလည်း ထမ်းဆောင်နိုင်ပြီး တပ်မတော်(ရေ)၏ အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်နှင့်အတူ ပင်လယ်ပြင်လုံခြုံရေးတာဝန်များအား ထမ်းဆောင်ခဲ့ပါသည်...။ယခင်ကလည်း အင်းတော် စစ်ရေယာဉ်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့မှုများရှိပါသည်..။
အောင်ဇေယျဖရီးဂိတ်ပေါ်တွင် ဆင်းသက်မှုပြုနေစဉ်
FN MAG ၇.၆၂ စက်သေနတ်အား တပ်ဆင်နေစဉ်
၂၀မမ စက်အမြောက်တပ်ဆင်ထားမှု
၅၇မမ ရော့ကတ်လောင်ချာ တပ်ဆင်ထားမှု
ကိုးကား- တပ်မတော်(လေ) အစီအစဉ်များ.............COPY
No comments:
Post a Comment